The Mix By Su - Peppermint Salt Scrub (390g) With Container

(0 သုံးသပ်ချက်များ)

မှ ရောင်းချပါသည်:
မာကျူရီမှတင်ယူရောင်းချပေးသောထုတ်ကုန်

ဈေးနှုန်း:
Ks22,000 /pcs

အရေအတွက်:
(10 ရရှိနိုင်ပါသည်)

စုစုပေါင်းဈေးနှုန်း:
မျှဝေရန်:
မှ ရောင်းချပါသည်
Mercury Online Shopping Mall
(3 ဝယ်သူ၏သုံးသပ်ချက်များ)

 Peppermint Salt Scrub 


ပင်ပန်းနွမ်းနယ်တဲ့နေ့တွေအပြီး အညောင်းအညာပြေစေပြီး အသားအရေကို အေးမြလန်းဆန်းစေမယ့် Peppermint Salt Scrub 


 Sea Salt၊ Epsom Salt နဲ့ Sugar တိုကို ပေါင်းစပ်ထားပြီး အသားအရေပေါ်က Dead Skin Cells တွေကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ Body Scrub ဖြစ်ပါတယ်။ Peppermint Oil ပါဝင်တာကြောင့် အသုံးပြုလိုက်တဲ့အခါ အေးမြလန်းဆန်းတဲ့ ခံစားမှုကို ရရှိစေပြီး ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို အပန်းပြေစေပါတယ်။ Vitamin B5 နဲ့ Glycerin တိုက အသားအရေကို အစိုဓာတ်ထိန်းသိမ်းပေးပြီး Scrub အသုံးပြုပြီးနောက်မှာလည်း နူးညံ့ချောမွေ့နေစေပါတယ်။ Scrub နဲ့ Body Wash ကို တစ်ဗူးတည်းမှာ ပေါင်းစပ်ထားတာကြောင့် ရေချိုးတဲ့အခါ ပိုမိုအဆင်ပြေ အချိန်ကုန်သက်သာစေပါတယ်။


 ဘာကြောင့် မရှိမဖြစ် လိုအပ်လဲဆိုတော့ 


• ပင်ပန်းနွမ်းနယ်မှုနဲ့ အညောင်းအညာတွေကို ပြေလျော့စေပြီး အပန်းပြေတဲ့ ရေချိုးချိန်ကို ရရှိစေခြင်း

• Peppermint Oil ကြောင့် အသားအရေကို အေးမြလန်းဆန်းတဲ့ ခံစားမှု ပေးစွမ်းခြင်း

• Sea Salt၊ Epsom Salt နဲ့ Sugar တိုက Dead Skin Cells နဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးခြင်း

• Vitamin B5 နဲ့ Glycerin တိုက အသားအရေကို အစိုဓာတ်ထိန်းသိမ်းပေးပြီး နူးညံ့ချောမွေ့စေခြင်း

• Scrub + Body Wash အဖြစ် တစ်ဗူးတည်းနဲ့ အသုံးပြုနိုင်ခြင်း


 အသုံးပြုရန် သင့်တော်သူများ 


• တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေအပြီး အပန်းပြေချင်သူများ

• ပူအိုက်တဲ့ရာသီမှာ ရေချိုးချိန်မှာ အေးမြလန်းဆန်းတဲ့ခံစားချက်ကို ရချင်သူများ

• အသားအရေကြမ်းတမ်းပြီး Dead Skin Cells စုပုံနေသူများ

• အသားအရေကို သန့်စင်ပြီး နူးညံ့ချောမွေ့စေချင်သူများ

• Scrub နဲ့ Body Wash ကို တစ်မျိုးတည်းနဲ့ အသုံးပြုချင်သူများ


 ပါဝင်သော ပစ္စည်းများ 


• Sea Salt (Sodium Chloride) – Dead Skin Cells များကို ဖယ်ရှားသန့်စင်ပေးပြီး အသားအရေကို ချောမွေ့စေခြင်း

• Epsom Salt (Magnesium Sulfate) – Scrub ပြုလုပ်ရာတွင် အသားအရေကို သန့်စင်ချောမွေ့စေခြင်း

• Sugar (Sucrose) – အသားအရေပေါ်ရှိ Dead Skin Cells များကို ဖယ်ရှားပေးခြင်း

• Peppermint Oil (Mentha Piperita Oil) – အသားအရေကို အေးမြလန်းဆန်းတဲ့ ခံစားမှု ပေးစွမ်းခြင်း

• Panthenol (Vitamin B5) – အသားအရေကို အစိုဓာတ်ထိန်းသိမ်းပေးပြီး နူးညံ့စေခြင်း

• Glycerin – အသားအရေမှာ အစိုဓာတ်ထိန်းသိမ်းပေးပြီး ခြောက်သွေ့မှုကို လျော့နည်းစေခြင်း


• သက်တမ်း – ထုတ်လုပ်သည့်နေ့မှ (၂) နှစ်


 အသုံးပြုရလွယ်ကူပုံ 

ရေစိုနေသော ခန္ဓာကိုယ်အသားအရေပေါ်သို Peppermint Salt Scrub ကို သင့်တော်သောပမာဏယူပြီး စက်ဝိုင်းပုံစံအတိုင်း (၂–၃) မိနစ်ခန့် အသာအယာ ပွတ်နယ်ပေးပါ။ ထိုနောက် ရေဖြင့် သန့်စင်စွာ ဆေးချပါ။ Scrub နဲ့ Body Wash နှစ်မျိုးလုံးအဖြစ် အသုံးပြုနိုင်တာကြောင့် ရေချိုးချိန်မှာ အသားအရေကို သန့်စင်ပေးရင်း အေးမြလန်းဆန်းတဲ့ ခံစားမှုကို ရရှိစေပါတယ်။


မှတ်ချက် – ပြင်ပအသုံးပြုရန်သာ ဖြစ်ပါသည်။ မျက်လုံးနှင့် မထိတွေ့စေရန် သတိပြုပါ။ ဒဏ်ရာရှိသောနေရာ၊ ယားယံနေသော အသားအရေနှင့် အမွေးရိတ်ပြီးစ အသားအရေပေါ်တွင် အသုံးမပြုပါနှင့်။ ပထမဆုံးအသုံးမပြုမီ အသားအရေဧရိယာငယ်တစ်ခုတွင် စမ်းသပ်ပါ။ ယားယံခြင်း သိုမဟုတ် အဖုအပိန့်များ ဖြစ်ပေါ်လာပါက အသုံးပြုခြင်းကို ရပ်တန့်ပါ။ ကလေးလက်လှမ်းမမီသောနေရာတွင် ထားပါ။

လက်ရှိအချိန်အထိ ဤထုတ်ကုန်အတွက် သုံးသပ်ချက်မရှိသေးပါ